“ Paris city event marking the second anniversary of the attempted coup” သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက် အဖွင့်အမှာစကားပြောကြား

"Paris city event marking the second anniversary of the attempted coup” သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက် အဖွင့်အမှာစကားပြောကြား

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ဖေဖော်ဝါရီ (၁) ရက်နေ့ ၂၀၂၃ ခုနှစ်တွင် ပါရီမြို့၌ ကျင်းပသော “ Paris city event marking the second anniversary of the attempted coup” သို့ ဖိတ်ကြားခြင်းခံရသော မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့ပြီး Mr.Jean-Luc Romeo- Michael, Paris City Council member နှင့် အတူ အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ပြောကြားသော အဖွင့်အမှာစကားတွင် မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးအပေါ် တက်ကြွစွာ ထောက်ခံအားပေးမှုပြုသော ပြင်သစ်နိုင်ငံအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နောင်တွင်လည်း ယခုကဲ့သို့ ထောက်ခံအားပေးမှုများအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် များစွာလိုအပ်နေပါသေးကြောင်း၊ အကြမ်းဖက် စစ်အုပ်စုက ကျုးလွန်သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သားပြည်သူ ၃၀၀၀ နီးပါး မတရားစွာသေဆုံးခဲ့ရပြီဖြစ်ကြောင်း စသည့် အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့သည့် လူမဆန်သည့် လုပ်ရပ်များကို ထည့်သွင်းပြောကြားခဲ့ပြီး အောက်ပါ အချက် (၄) ချက်ကိုလည်း ပြင်သစ်နိုင်ငံ အစိုးရထံမှ တောင်းဆိုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
  • အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင် အစိုးရအဖြစ် သတ်မှတ် ဆက်သွယ်ဆောင်ရွက်ရန်
  • အကြမ်းဖက်စစ်အုပ်စုနဲ့ ၎င်း၏ လက်ပါးစေ ခရိုနီများအား စီးပွါးရေးအရေးယူ ပိတ်ဆို့မှုများဆောင်ရွက်ရန်
  • လိုအပ်လျက်ရှိသော ဆေးဝါးနှင့် ရိက္ခာများ လူသားချင်းစာနာမှု အကူညီများကို နယ်စပ်ဖြတ်ကျော် ပံ့ပိုးပေးရန်
  • အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုကို ဆန့်ကျင် တော်လှန်ခဲ့သော တော်လှန်ပြည်သူများအား ပြင်သစ် နိုင်ငံအစိုးရမှ နိုင်ငံရေးအရ ခိုလှုံခွင့်ပေးရန် စသည့်အချက်များ ထည့်သွင်းတောင်းဆိုခဲ့ပါသည်။
 

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။