ပြင်သစ်နိုင်ငံ အောက်လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ

ပြင်သစ်နိုင်ငံ အောက်လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ

ဖေဖော်ဝါရီ (၁) ရက် ၊၂၀၂၃ ခုနှစ်
 
ဖေဖော်ဝါရီလ ၁ ရက် နေ့လည် ၁နာရီ မှ ၂ နာရီထိ ပြည်ထောင်စုဝန်ကြီးပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြင်သစ်အောက်လွှတ်တော်တွင် ပြင်သစ်မြန်မာချစ်ကြည်ရေးအဖွဲ့မှ ဥက္ကဌအောက်လွှတ်တော်အမတ် Mr Alain David နှင့်အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲတွင် ပြည်ထောင်စု၀န်ကြီးများက မြန်မာ့နွေဦးတော်လှန်ရေး တိုးတက်မှုအခြေအနေများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏လမ်းပြမြေပုံအပါအ၀င် မြန်မာ လူထု၏ နွေဦးတော်လှန်ရေးတွင်အရေးကြီးပါ၀င်နေမှုများ ရှင်းလင်းပြောကြားခဲ့ကြပြီးအောက်ပါအချက်များကိုလည်းတောင်းဆိုခဲ့သည် –
 
  • အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကိုလည်း ပြင်သစ်လွှတ်တော်၊ ပြင်သစ်အစိုးရနှင့် နိုင်ငံတကာမှ ကန့်ကွက်ပေးပါရန်
  • အမျိုူသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြင်သစ်အောက်လွှတ်တော်တို့ တရားဝင်တွေ့ဆုံချိတ်ဆက်လုပ်ဆောင်ရန် တင်ပြချက်ကိုတင်ပြခဲ့ပြီး ဆက်လက် ချိတ်ဆက်လုပ်ဆောင်မည့် လမ်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ပြီး နေ့လည်၂ နာရီမှ ၃နာရီအထိ ပြင်သစ်အောက်လွှတ်တော်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ကြပါသည်။ သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးများနှင့် ပြင်သစ်စာနယ်ဇင်း သမားများ အပါအဝင် ပြင်သစ်ရောက်မြန်မာများလည်းတက်ရောက်ခဲ့ကြပါသည်။
 
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်၊ ကိုယ်စားလှယ်ရုံးအဖွဲ့၀င် Maé Robbine တို့ ပါဝင်ခဲ့ကြပါသည်။

ဆက်စပ်အကြောင်းအရာများ