လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း Czech သမ္မတနိုင်ငံ ပါလီမန် ကာကွယ်ရေးကော်မတီ၏ ဒုတိယ ဥက္ကဌ MP Mr. Josphb Flek, နိုင်ငံခြားရေးရာကော်မတီအဖွဲ့ဝင် Mr.Hayata Josef Okamura တို့နှင့် တွေ့ဆုံ

၂၀၂၂ ခုနှစ် မေ ၁၂ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ချက်နိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့်တို့သည် ၂၀၂၂ ခုနှစ် မေ ၁၂ ရက်နေ့တွင် Czech သမ္မတနိုင်ငံ ပါလီမန် ကာကွယ်ရေးကော်မတီ၏ ဒုတိယ ဥက္ကဌ MP Mr. Josphb Flek, နိုင်ငံခြားရေးရာကော်မတီအဖွဲ့ဝင် Mr.Hayata Josef Okamura တို့နှင့် ချက်ပါလီမန်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် အဓိကအားဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးအတွက် လိုအပ်သောအကူညီများပေးနိုင် ရန်ဆွေးနွေးခဲ့ကြပြီး ချက်သမ္မတနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအား ကူညီ ထောက်ပံ့ပေးမှုများ ပေးသကဲ့သို့ မြန်မာနိုင်ငံအား ကူညီဆောင်ရွက်ပေးရန် တိုက်တွန်းတောင်းဆိုခဲ့ပါသည်။

လာမည့်ပါလီမန်အစည်းအဝေးကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို တရားဝင်အသိအမှတ်ပြုရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအား ကာကွယ်စောင့်ရှောက်မှုအစီအစဥ်များ ပေးအပ်နိုင်ရေးအတွက် ချက်ပါလီမန်အနေဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

တွေ့ဆုံခဲ့သည့် ကိုယ်စားလှယ်များသည် ချက်သမ္မတ နိုင်ငံပါလီမန်တွင် မြန်မာနိုင်ငံအရေးအတွက် အသစ်ဖွဲ့စည်းထားရှိသော မြန်မာ မိတ်ဆွေများ အဖွဲ့အဖွဲ့ဝင်များပါဝင်ပါသည်။

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။