အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဝန်ကြီးဌာနဆိုင်ရာ ဆောင်ရွက်ချက်များအား ပြည်သူသို့ အစီရင်ခံခြင်း

မင်္ဂလာပါခင်ဗျာ

လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက NUG အစိုးရ စတင် ပေါ်ပေါက်တဲ့အချိန်မှာ ပါဝင် ခဲ့ခြင်းမရှိပဲနဲ့ နောက်ပိုင်းမှာ လိုအပ်ချက်အရ၊ ယုံကြည်ချက်အရ၊ တာဝန်ပေးမှုအရ ပေါ်ပေါက်ခဲ့တဲ့ နောက်ဆက်တွဲ ဝန်ကြီးဌာနတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ ပထမ ဦးဆုံးအနေနဲ့ ပြည်ထောင်စုအဆင့် ဖွဲ့စည်းခဲ့တဲ့ ဝန်ကြီးဌာနလည်းဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ စတင်ပြီး တာဝန်ပေးအပ်ခြင်းခံရ ကတည်းက ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှနဲ့ ဝန်ကြီးဌာနရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ရည်မှန်းချက်ဖြစ်တဲ့ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးနဲ့၊ တရားဥပဒေဖော်ဆောင်နိုင်ရေး ဆိုတဲ့ အကြောင်းအရာတွေအတိုင်း တက်နိုင်သရွေ့ အကောင်းဆုံး လုပ်ဆောင်ခဲ့ပါတယ်။

အချက်လက်မှတ်တမ်းတင်မှု၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး အရေးယူဆောင် ရွက်နိုင်မှု၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပညာပေးမှု၊ NUG အစိုးရရဲ့မူဝါဒတွေမှာ လူ့အခွင့်အရေး အရ ရပ်တည်ဖော်ဆောင်လာရေး ဆိုတဲ့ လုပ်ငန်းစဉ်လေးရပ်ကို လုပ်ဆောင်ခဲ့ပါတယ်။

အားလုံးသိတဲ့အတိုင်းပဲ နိစ္စဒူဝချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒေသတွင်း မြေပြင်မှာရှိတဲ့ သူတွေရဲ့ ဝိုင်းဝန် ကူညီမှုကြောင့် ကျွန်တော်တို့ရဲ့ ဒီအချက်အလက်တွေက စနစ်တကျ မှတ်တမ်းတင်နိုင်တဲ့ စနစ်ကနေ အခုဆိုရင် ခိုင်လုံသော အကြောင်းအရာတွေဖြစ် ဖန်တီးနိုင်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး နိုင်ငံတကာအစိုးရ အထူးသဖြင့် ဥရောပနိုင်ငံတွေမှာရှိတဲ့ အစိုးရတွေ၊ လွတ်တော်တွေ၊ အဲနိုင်ငံမှာရှိတဲ့ မြန်မာ့အရေးကို ကာကွယ် စောင့်ရှောက်သူတွေနဲ့ လူချင်းတွေ့ပြီး တင်ပြနိုင်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီရဲ့ အကျိုးဆက်ကြောင့် NUG ကို အသိအမှတ်ပြုဖို့အတွက် လွတ်တော်များရဲ့ဆုံးဖြတ်ချက်၊ စစ်ကောင်စီကို လက်နက်နဲ့ စီးပွားရေးပိတ်ဆို့မှုူတွေ လုပ်ဆောင်ဖို့အတွက် တောင်းဆိုချက်တွေ ဖော်ဆောင်မှုတွေ တိုးတက် လာတာ အောင်မြင်မှု တရပ်ပါပဲ။

တချိန်တည်းမှာပဲ မြန်မာပြည်သူတွေကြားထဲမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသား တွေ အားလုံးရဲ့ကြားထဲမှာ လူ့အခွင့်အရေးနှင့် ပတ်သက်သော သိသင့်သိထိုက်သော အရာတွေ ကိုလည်း social media ကတဆင့် ကျွန်တော်တို့ တင်ပြနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ လူတိုင်းအပေါ် မှာ လူ့အခွင့်အရေးကာကွယ်ပေးရမယ်၊ လူတိုင်းရဲ့ လူ့အခွင့်အရေးက တန်းတူညီမျှမှု ရှိတယ်ဆိုတဲ့ မူဝါတွေ ပေါ်ထွန်းလာဖို့အတွက် ရိုဟင်ဂျာများအပေါ်မှာ သတ်မှတ်တဲ့ ရိုဟင်ဂျာပိုင်းဆိုင်ရာ မူဝါတွေ၊ ဒီလိုမျိုး ကျွန်တော်တို့ လက်နက်ကိုင် ခုခံစစ်ဆင်နွဲ့တဲ့အခါမှာ စစ်သည်များ ကျင့်ရမယ့် ကျင့်ဝတ်တွေ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ ရှိတဲ့ အမျိုးသမီးများနဲ့ ကလေးများအပေါ်မှာ ကာကွယ်ပေးရမယ့် မူဝါဒတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးများ၊ ဌာနများနဲ့ ပူးပေါင်းပြီးရေးဆွဲ တင်ပြနိုင်ခဲ့ပါတယ်။

နောက်ဆုံးတခုကတော့ ကျွန်တော်တို့ လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ လူတိုင်းအပေါ် မှာ လူ့အခွင့်အရေးကာကွယ်ပေးရမယ်၊ လူတိုင်းရဲ့ လူ့အခွင့်အရေးက တန်းတူညီမျှမှု ရှိတယ်ဆိုတဲ့ မူဝါတွေ ပေါ်ထွန်းလာဖို့အတွက် ရိုဟင်ဂျာများအပေါ်မှာ သတ်မှတ်တဲ့ ရိုဟင်ဂျာပိုင်းဆိုင်ရာ မူဝါတွေ၊ ဒီလိုမျိုး ကျွန်တော်တို့ လက်နက်ကိုင် ခုခံစစ်ဆင်နွဲ့တဲ့အခါမှာ စစ်သည်များ ကျင့်ရမယ့် ကျင့်ဝတ်တွေ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ ရှိတဲ့ အမျိုးသမီးများနဲ့ ကလေးများအပေါ်မှာ ကာကွယ်ပေးရမယ့် မူဝါဒတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးများ၊ ဌာနများနဲ့ ပူးပေါင်းပြီးရေးဆွဲ တင်ပြနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့အနေနဲ့ စိန်ခေါ်မှုတွေ ဆက်လက်ရှိဆဲပါ။ လူအင်အား ငွေအင်းအားအရ ကျွန်တော်တို့ လုပ်ဆောင်တာတွေ အခက်အခဲရှိတယ်။ ဒါပေမယ့် တော်လှန်သောအစိုးရ ဖြစ်သည့် အားလျော်စွာ တော်လှန်ရေးကို ဦးတည်ထားပြီး တော်လှန်သောပုံစံနဲ့ တက်နိုင်သမှာ ကြိုးပမ်း ဆောင်ရွက်ပါတယ်။ ငွေအင်အား လူအင်အားတွေထက် ပြည်သူလူထုရဲ့ စိတ်ဓာတ်အင်းအားတွေ ကျွန်တော်တို့ ပိုပြီးတော့ လိုအပ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သလို ပြည်သူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်ပါတယ်။ အဲဒီတော့ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားပေးမှုတွေ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ဆောင်မှုတွေကို ရရှိလာလေလေ ကျွန်တော်တို့ တော်လှန်ရေးက ပိုပြီးတော့ နီးစပ်လေလေ ဖြစ်မယ်။ အောင်မြင်လေလေ ဖြစ်ပါမယ်။

ဒါကြောင့်မို့လို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ကော လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာန အ‌နေနဲ့ကော မပြီးဆုံးသေးတဲ့ တော်လှန်ရေးတရပ်ကို ပြည်သူတွေနဲ့ လက်တွဲလုပ်ဆောင် သွားပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့သူတွေ အားလုံးရဲ့ လူ့အခွင့်အရေး ရရှိဖို့အတွက် စွမ်းစွမ်းတမံ လုပ်ဆာင်သွားပါ့မယ်။

ဒီလိုမျိုုး နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည့်တိုင်အောင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ မှာ လူ့အခွင့်အရေးထွန်းကားပြီး ငြိမ်းချမ်းသော တရားမျှတမှုကို ဖော်ဆောင်နိုင်သော နိုင်ငံသစ်ကို ကျွန်တော်တို့ ဆက်လက် ဖော်ဆောင်သွားမယ်ဆိုတဲ့ အကြောင်း ရဲရဲကြီး ကတိပေးအပ်ပါတယ် ခင်ဗျ။

Victory will prevail.

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။