အစုလိုက်အပြုံလိုက်သတ်ဖြတ်တယ်ဆိုတာဘာလဲ

၂၅ မေ ၂၀၂၂

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း ဆိုတာကိုနိုင်ငံတကာအနေနဲ့ ကြီးမားတဲ့ ရာဇဝတ်မှုအနေဖြင့်သတ်မှတ်ထားပြီး မကြာသေးမီကာလအတွင်းကမြန်မာနိုင်ငံရှိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများရဲ့ တရားခံများအဖြစ် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်တွေကို သတ်မှတ်ထားပြီးဖြစ်ပါတယ်။

လက်နက်မဲ့(သို့)ကာကွယ်မှုမဲ့နေသူအမြောက်အများကိုသတ်ဖြတ်ခြင်း၊တစ်နေရာတည်း (သို့) ဒေသတစ်ခုအတွင်းတွင် ကျူးလွန်ခြင်း၊တစ်ချိန်တည်း (သို့)နေ့ရက်ကာလမကွာဘဲ ကျူးလွန်ခြင်း၊ကျူးလွန်ခံရသူများသည် တစ်ဘက်တည်း (သို့) တစ်ဖွဲ့တည်းက

ဖြစ်လေ့ရှိခြင်း၊ကျူးလွန်ခံရသူများသည် လူမျိူးတူ၊ ဘာသာတူ၊ အုပ်စုတူ၊ အခြေအနေတူများ ဖြစ်လေ့ရှိခြင်း၊သတ်ဖြတ်ခံရသောပုံစံများ၊ ဖျောက်ဖျက်ဖျက်စီး မြှုပ်နှံထားမှုပုံစံနှင့် သတ်ဖြတ်ခဲ့သည့် ရည်ရွယ်ချက်များတူခြင်းစတာတွေဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်း လက္ခဏာရပ်တွေ ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီ က အဆိုပါရာဇဝတ်မှုတွေ ကျူးလွန်နေတာတွေကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ချင်းပြည်နယ် နဲ့ ကယားပြည်နယ်တို့က ပြည်သူတွေဟာ နေ့စဉ်ရက်ဆက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းခံနေရပါတယ်။

စစ်ကောင်စီက သတင်းစီးဆင်းမှုမရရှိအောင်ပြုလုပ်ထားတဲ့ နေရာဒေသတွေမှာလည်း ဒီ့ထက်ပိုတဲ့ ရာဇဝတ်မှုတွေ ပိုမိုကျူးလွန်၊ များပြားနိုင်ချေရှိပါတယ်။ အစုအလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းရာဇဝတ်မှု ဟာ ဆိုရင် ကြီးလေးတဲ့ ရာဇဝတ်မှု ဖြစ်တဲ့အပြင်

  • လူသားမျိုးနွယ်တစ်ခုလုံးအပေါ်ကျူးလွန်သောရာဇဝတ်မှု(Crimes Against Humanity)
  • စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု (War Crimes)
  • လူမျိုးသုဉ်းသတ်ဖြတ်မှု(Genocide)

စတဲ့ ရာဇဝတ်မှုများအားလုံးရဲ့ သတ်မှတ်ချက်နဲ့ အကျုံးဝင်တဲ့ ပြစ်မှုကျူးလွန်ခြင်းမျိုးဖြစ်ပါတယ်။

ဒီလို ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို ကိုယ်ထိလက်ရောက်ကျူးလွန်သူတွေ၊ ကျူးလွန်ရန်ခိုင်းစေသူတွေကို ထိရောက်ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးနိုင်ဖို့ တိကျသေချာတဲ့ အချက်အလက်များ၊ သတင်းများ ရရှိထားပြီးဖြစ်ပါတယ်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဟာ ကြီးမားလွန်းတဲ့ ရာဇဝတ်မှုဖြစ်တာကြောင့် ပြစ်ဒဏ်ချမှတ်နိုင်ရေးကိုလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေနဲ့ အင်တိုက်အားတိုက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။