လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တွေ ဘယ်လောက်ထိရှိနေပြီလဲ

အကြမ်းဖက်စစ်အုပ်စုက ၂၀၂၁ ခုနှစ် အာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်စဉ်ကနေစပြီး လက်ရှိအချိန်အထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုသာမက စစ်ရာဇဝတ်မှုတွေကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေဆဲဖြစ်ပါတယ်။ ဒီလို ချိုးဖောက်မှု တွေနဲ့ ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာနအနေနဲ့ ခိုင်မာတိကျတဲ့ အချက်အလက်ပေါင်းများစွာကို စုဆောင်းထားရှိပြီး ဖြစ်ပါတယ်။ ဒီလို စုဆောင်းထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တွေ ဘယ်လောက်ထိ ရရှိထားပြီး ဘယ်လိုဆက်လက်လုပ်ဆောင်နေသလဲဆိုတဲ့ အကြောင်းအရာတွေကို Human Rights Lens- လူ့အခွင့်အရေး အဝေးမြင် အနီးမြင်အစီစဉ် ရဲ့ အပိုင်း (၈) အနေနဲ့ တင်ဆက်လိုက်ပါတယ်။ ဒီအစီအစဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန နဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗီဘီ) တို့က နှစ်ပတ်တကြိမ် အစီအစဉ်အနေနဲ့ ပူးပေါင်းတင်ဆက်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ စောင့်မျှော်ကြည့်ရှုနိုင်ကြောင်း နှိုးဆော် တိုက်တွန်းလိုက်ပါတယ်။
Facebook
Twitter
LinkedIn

ဆက်စပ်ပိုစ့်များ

နိုင်ငံရေးအကျဉ်းသားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ဘယ်လောက်များနေပြီလဲ? |Human Rights Lens-ep11|

နိုင်ငံရေးအကျဉ်းသားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ဘယ်လောက်များနေပြီလဲ? |Human Rights

Read More »

စစ်သုံ့ပန်းတွေနဲ့ဘက်ပြောင်းခိုလှုံလာသူတွေကို နိုင်ငံတကာဥပဒေနဲ့အညီဘယ်လိုဆက်ဆံသင့်လဲ

စစ်သုံ့ပန်းတွေနဲ့ဘက်ပြောင်းခိုလှုံလာသူတွေကို နိုင်ငံတကာဥပဒေနဲ့အညီဘယ်လိုဆက်ဆံသင့်လဲ အကြမ်းဖက်စစ်အုပ်စုဘက်ကနေ လက်နက်ချလာတဲ့ စစ်သုံ့ပန်းတွေနဲ့

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။