အကြောင်းအရာ (၂) ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံ၏လူ့အခွင့်အရေး နောက်ဆုံးအခြေအနေများကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ နှုတ်ဖြင့် တင်ပြချက်


Republic of the Union of Myanmar
National Unity Government
လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန

UNITED NATIONS HUMAN RIGHTS COUNCILအကြိမ် ၅၀ မြောက်အစည်းအဝေး

အကြောင်းအရာ (၂) ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံ၏လူ့အခွင့်အရေး နောက်ဆုံးအခြေအနေများကိုကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ နှုတ်ဖြင့် တင်ပြချက်

MYANMAR
၂၁ ဇွန် ၂၀၂၂

 မြန်မာနိုင်ငံအတွင်းရှိလူ့အခွင့်အရေးဆိုင်ရာနောက်ဆုံးအခြေအနေများအား ကုလသမဂ္ဂလူ့အခွင့်  အရေးဆိုင်ရာမဟာမင်းကြီးရုံး၏ နှုတ်ဖြင့်တင်ပြချက်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်က ကြိုဆို လိုက်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏တင်ပြချက်တွင်“စစ်တပ်နှင့်၎င်း၏ချုပ်ကိုင်ကြိုးပမ်းမှုကို ဆက်လက်ငြင်းဆို ခုခံတွန်းလှန်နေကြသည့် မြန်မာလူမျိုးများ၏ ခွန်အားနှင့်သန္နိဋ္ဌာန်ကို” လေးစား ကြောင်းဖော်ပြခဲ့ပါသည်။

လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက အသိအမှတ်ပြုသည့်အတိုင်း စစ်အာဏာရှင်များသည် နိုင်ငံတော်ကိုဦးဆောင်မောင်းနှင်နိုင်သည့် ယန္တရားများကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။ ဤရှုံးနိမ့်မှုကြောင့် ခံပြင်းနေသည့် စစ်အာဏာရှင်တို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများကို အရပ်သားများ ဒုက္ခဆင်းရဲပိုမိုခံစားရစေရန် အရှိန်မြှင့်လုပ်ဆောင်လျက် ရှိနေပါ သည်။

အတင်းအဓမ္မပျောက်ဆုံးစေမှု၊ မတရားဖမ်းဆီးမှုနှင့် ချုပ်နှောင်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် နေအိမ်များနှင့် ကျေးရွာများကို ဖြိုဖျက်ခြင်းများသည် စစ်အာဏာရှင်တို့ အလိုရှိသည့်အတိုင်း အောင်မြင်ရေးအတွက် စနစ်တကျအသုံးပြုသည့် နည်းပရိယာယ်ဖြစ်ပါသည်။ လူသားချင်းစာနာ စာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုလည်းနိုင်ငံရေးအရှိန်အဝါ အားကောင်းလာအောင်အသုံးချရန် ကြိုးကိုင်ခြယ်လှယ်လျက်ရှိပါသည်။

နိုင်ငံရေးအကျဉ်းသားများအား သေဒဏ်ပေးခြင်းကို ပြန်လည်စတင်ရန် ရည်ရွယ်ထားသည်ဆိုသော စစ်အစိုးရ၏ မကြာမီကထုတ်ပြန်ခဲ့သည့် ကြေငြာချက်သည် ၎င်း၏ရက်စက်ကြမ်းကြုတ်မှုများ၊ အကြမ်းဖက်မှုများအရှိန် မြှင့်လာသည်ကို မြင်သာစေသည့်လုပ်ရပ်ဖြစ်ပါသည်။ ယခင်ကကဲ့သို့ပင် ကာလကြာရှည်စွာ အမြစ်တွယ်နေသော ဖယ်ကျဉ်ခြင်းကို ခံနေရသည့် ရိုဟင်ဂျာများနှင့် အခြား လူနည်းစုအသိုင်းအဝိုင်းများသည် လူမှုရေးပညာရေးစသည့် အခွင့်အရေးများချို့တဲ့စေရန် အရှိန် မြှင့်လုပ်ဆောင်သည့် ပုံစံပေါင်းစုံကိုလည်း ရင်ဆိုင်ကြုံတွေ့နေရပါသည်။

 နိုင်ငံတကာစံနှုန်းများနှင့် နိုင်ငံတကာဖိအားများကိုအရေးမစိုက်ပဲပစ်ပယ်ထာသည့် စစ်အစိုးရကို မည်သို့အရေးယူ လုပ်ဆောင်နိုင်ပါသနည်းဟု အပြန်အလှန်ဆွေးနွေးမှုအတွင်း နိုင်ငံအများအပြားက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအား မေးမြန်းခဲ့ပါသည်။ မဟာမင်းကြီးဝန်ခံခဲ့သည့်အတိုင်း “စစ်တပ်၏ မဆင်မခြင် အကြမ်းဖက်သော လုပ်ဆောင်မှုများကို ထိန်းချုပ်ရန် နိုင်ငံတကာ၏ ကြိုးပမ်းမှုမှာ ထိရောက်မှု မရှိခဲ့ပါ။”

လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးသည်အမျိုးသားညီညွတ်ရေးအစိုးရ။အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်ထိတွေ့ဆက်ဆံရန်နှင့်စစ်အစိုးရ၏ ခေါင်းဆောင်မှုအပေါ် ဖိအားများ ပိုမိုတိုးမြင့်လာ အောင်လုပ်ဆောင်ရန်ဆိုသည့် လမ်းကြောင်းနှစ်ခုကို အဆိုပြုခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုသည့် ပြည်ထောင်စုမြန်မာနိုင်ငံအနေဖြင့် ဤအဆိုပြု ချက် နှစ်ရပ်စလုံးကို ထောက်ခံကြိုဆိုပါသည်။ စစ်အစိုးရ၏ ရက်စက်ယုတ်မာမှုများကို တားဆီးရန်၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ခိုင်မြဲစေရန် ၊အလွန်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု  ဆိုင်ရာအကူအညီများ ပေးအပ်နိုင်စေရန်၊ ရိုဟင်ဂျာနှင့် အခြားလူနည်းစုအသိုက်အဝန်းများအပါအဝင် ပြည်တွင်းရှိ နေရပ်စွန့်ခွာနေရသူ ပြည်သူများနှင့် ပြည်ပရောက်မြန်မာဒုက္ခသည်များ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိ မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံ တညကာအသိုက်အဝန်းနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာအောင်လုပ်ဆောင်ရန် မြန်မာနိုင်ငံအနေဖြင့် ကတိကဝတ်ပြုထားပါသည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှု ဥပဒေအောက်ရှိ တာဝန်ဝတ္တရားများကို မြန်မာနိုင်ငံက လက်ခံပြီး နိုင်ငံသားနှင့်ပြည်သူ့ရေးရာအခွင့် အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (International Covenant on Civil and Political Rights (CCPR)) နှင့်နှိပ်စက်ညှဉ်းပန်းမှု ဆန့်ကျင်ရေးသဘောစာချုပ် (The United Nations Convention against Torture (CAT)) အပါအဝင် နောက်ထပ် စာချုပ်စာတမ်းများကိုလည်း အတည်ပြုလက်မှတ် ရေးထိုးသွား မည်ဖြစ်ပါသည်။

ထို့အပြင် တရားမျှတမှုနှင့် တာဝန်ခံမှုတို့ကို ရရှိလာအောင် ကြိုးပမ်းရာတွင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (International Criminal Court (ICC))၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice (ICJ))၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်၊ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (the Independent Investigative Mechanism for Myanmar ) တို့နှင့်လည်း ဆက်လက် ချိတ်ဆက် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည်နောက်ဆုံးတွင် နိုင်ငံအဆင့်ရုံးတခုထူထောင်ရန် ရည်ရွယ်ချက်ဖြင့် လူ့အခွင့်အရေး ကောင်စီနှင့် အထူးလုပ်ထုံးလုပ်နည်းများအပါအဝင် ၎င်း၏ယန္တရားများနှင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအဖွဲ့ကတဆင့် အပါအဝင် နည်းပညာအကူအညီများပံ့ပိုးပေးခြင်းသည် မြန်မာနိုင်ငံက အဆိုပါကတိကဝတ်များ အတိုင်းလုပ်ဆောင်မှု တိုးတက်အောင်မြင်စေရန် အကူအညီပေးရာရောက် ပါသည်။

စစ်အစိုးရအပေါ်ဖိအားများ ပြင်းထန်လာခြင်းနှင့် ပတ်သက်၍ကုလသမ္မဂ္ဂလူ့အခွင့်အရေးကောင်စီ ၏၄၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (the 49th regular session of the Human Rights Council (HRC49)) တွင်လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက တင်ပြခဲ့သော အကြံပြုချက်များမှာ ဆက်လက်တည်ရှိ နေဆဲဖြစ်ပါသည်။အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို ကဖျက်ယဖျက်ပြုလုပ်နေပြီး စစ်အစိုးရ ၏စစ်အစိုးရ၏ပိုမိုပြင်းထန်လာသည့် ရက်စက်ယုတ်မာမှုများကို တုံ့ပြန်အရေးယူမှုများအား အရှိန် မြှင့်လုပ်ဆောင်ရန် လိုအပ်လာပြီဖြစ်ပါသည်။

ထို့ကြောင့် လူ့အခွင့်အရေးကောင်စီနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် တာဝန်ခံမှုရှိစေရေး ကြိုးပမ်းမှုများတွင် ဆန်းသစ်တီထွင်သည့်လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန်၊ အကြမ်းဖက် စစ်ကောင်စီထံလက်နက်စီးဆင်းမှုကိုတားဆီးရန် ၊ယင်းတို့ချုပ်ကိုင်ထားသည့် ငွေကြေးအဖွဲ့အစည်း များနှင့် စီးပွားရေးအကျိုး အမြတ်များ ကိုပိတ်ပင်ဖြတ်တောက်ပစ်ရန်၊ အကြမ်းဖက်စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်စာရင်းသွင်းရန်နှင့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ရုံး၏ လုပ်ပိုင်ခွင့်နှင့်ရင်းမြစ်များကိုလည်း ပိုမိုခိုင်မာ အားကောင်းအောင်လုပ်ဆောင်ရမည် ဖြစ်ပါ သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် လူ့အခွင့်အရေးကောင်စီနှင့် အပြုသဘောဆောင်သော ထိတွေ့ ဆက်ဆံမှုနှင့်လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏လုပ်ပိုင်ခွင့်ကို အထောက်အပံ့ပြုရန် ကတိကဝတ် များကို ထပ်လောင်း အတည်ပြုပြောကြားအပ်ပါသည်။

 

 

 

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။