စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများတွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများကိုကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။

၁။        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ မှစတင်၍ စစ်တပ်ကကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုအခြေ အနေများဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ ယနေ့တင်သွင်းလိုက်ပြီ ဖြစ် ပါသည်။ အဆိုပါ အစီရင်ခံစာတွင် တိုင်းဒေသကြီးနှစ်ခုအတွင်းဖြစ်ပွားခဲ့သော စစ်ကောင်စီက ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများအား တိုက်ရိုက် မေးမြန်းပြီး ရေးသားဖော်ပြထားပါသည်။

၂။         ထိုအစီရင်ခံစာတွင် တိုင်းဒေသကြီးနှစ်ခု၌ စစ်ကောင်စီက အရပ်သားများအပေါ် စတင် ထိုးစစ်ဆင်၍ နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ အသက်သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်မှုများ၊ တရားဥပဒေမဲ့ဖမ်းဆီးမှုများကို ဖော်ပြထားပါသည်။

၃။        လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာစစ်တပ်အား လက်နက်များတင်ပို့ရောင်းချခြင်းနှင့် စစ်ရေးအကူအညီ ပေးအပ်ခြင်းများ ရပ်တံ့ရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများအ မြန်ဆုံးရပ်တန့် ပြီး တရားမျှတမှုအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးအပါအဝင် နိုင်ငံတကာလုပ်ထုံး လုပ်နည်းများမှတဆင့် ထိထိရောက်ရောက်ဆောင်ရွက်ကြရန်နှင့် အကြမ်းဖက်ခံနေရသော စစ်ကိုင်း နှင့် မကွေးတိုင်းဒေကြီးများမှ ပြည်သူများအပါအဝင် မြန်မာပြည်သူများအား လူသားချင်းစာနာမှု အကူအညီများထောက်ပံ့ပေးရန် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုထားပါသည်။

၄။           အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် ဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်၍ မှတ်တမ်းပြုစုလျက်ရှိပြီး အပြစ်ပေးအရေးယူခံရမှုမှ ကင်းလွတ်ခွင့်ရနေသော အလေ့အထ (culture of impunity) ကို အမြန်ဆုံးအဆုံးသတ်၍ တရားမျှတမှုကို ထိရောက်စွာဖော်ဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။