၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိကောက်ယူရရှိထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုအချက်အလက်များအစီရင်ခံစာ

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိကောက်ယူရရှိထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုအချက်အလက်များအစီရင်ခံစာ

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စုဆောင်းကောက်ယူခဲ့ပါသည်။ ထိုသို့ ကောက်ယူရာတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်စဥ်များနှင့်ပတ်သက်ပြီး ခိုင်မာသည့် သတင်း မီဒီယာများကို စောင့်ကြည့်လေ့လာမှု၊ Online Monitoring တို့မှတဆင့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ်ပေါင်း (၄၆၅၆)ခု တို့ကို ကောက်ယူရရှိခဲ့ပြီး၊ မြေပြင်အခြေအနေနှင့် ဆန်းစစ်အတည်ပြုနိုင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဥ် စုစုပေါင်း (၆၅၇)ခု ကို မှတ်တမ်းတင်သိမ်းဆည်းထားနိုင်ခဲ့သည်။

ထိုဖြစ်ရပ်များထဲမှ အင်တာဗျူး၊ ဓာတ်ပုံမှတ်တမ်း များအပါအဝင် အချက်အလက်များရရှိပြီး မှန်ကန်ကြောင်းခိုင်မာစွာ အတည်ပြု နိုင်ခဲ့သည့် ဖြစ်စဉ်ပေါင်း (၃၂၂)ခု ရှိခဲ့သည်။ IIMM နှင့် နိုင်ငံတကာသို့ ဖြစ်စဉ် (၁၆၅)ခု ပေးပို့နိုင်ခဲ့သည်။
 
ထိုကဲ့သို့ စစ်တမ်းကောက်ယူထားရှိသည့် အချက်အလက်များအား အောက်ဖော်ပြပါ အစီရင်ခံစာတွင် ခေါင်းစဉ် (၇) ခုဖြင့် ပိုင်းခြားသတ်မှတ်၍ ပြည်သူသို့ လေးစားစွာ တင်ပြအပ်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။

Related Content

သင်တောရွာနှင့် ရွှေဘိုရွာတို့မှ အရပ်သားပြည်သူ(၁၀)ဦး အား အကြမ်းဖက်စစ်အုပ်စုနှင့် လက်အောက်ခံပျုစောထီးများ က အစုအလိုက်အပြုံလိုက်သတ်ဖြတ် နေအိမ်များမီးရှို့ ပြည်သူပိုင်ပစ္စည်းများကိုလုယူခြင်းဖြစ်စဉ်

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။