“Kaung For You Education” မှ ဆရာ/ဆရာမများကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်



Kaung For You Education မှ ဆရာ/ဆရာမများကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်
၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၄) ရက်
၁။ “Kaung For You Education” အွန်လိုင်းအခြေပြု ပညာသင်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟု လေ့လာသိရှိရပါသည်။
၂။ “Kaung For You Education” အနေဖြင့် မကြာသေးမီက အချက်အလက် ကျိုးပေါက်မှု ရှိခဲ့သည်ကိုလည်း လေ့လာသိရှိရပါသည်။ အွန်လိုင်းအခြေပြု ပညာသင်ကျောင်းတစ်ခုအနေဖြင့် ကိုယ်ရေးအချက်အလက်များကို ကောက်ယူခဲ့ပြီး စနစ်တကျ မထိန်းသိမ်းနိုင်ခဲ့ခြင်း သည် အခြေခံ လူ့အခွင့်အရေးတစ်ရပ်ဖြစ်သော ကိုယ်ရေးအချက်အလက် လုံခြုံခွင့် (Right to Privacy) ကို ချိုးဖောက်မှု ဖြစ်သည်။ ထို့အတွက် သက်ဆိုင်ရာကျောင်းစီမံခန့်ခွဲမှုအနေဖြင့် တာဝန်ခံရန် တာဝန်ရှိပါသည်။
၃။ တစ်ချိန်တည်းမှာပင် ပညာရေးအခွင့်အရေး (Right to Education) သည်လည်း အခြေခံ လူ့အခွင့်အရေး ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ပညာသင်ကြားခြင်း၊ သင်ယူခြင်းကို အကြောင်းပြု၍ ခြိမ်းခြောက် ခြင်း၊ ဖမ်းဆီးခြင်း မပြုအပ်ပါ။ ယခုကဲ့သို့ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ဆရာ၊ ဆရာမများအား ဖမ်းဆီးခြင်းနှင့် ခြိမ်းခြောက်ခြင်းသည် အခြေခံလူ့အခွင့်အရေးတစ်ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။
၄။ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ ဖြစ်ကြသော ကျောင်းသား/ကျောင်းသူများ၏ လုံခြုံရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့အနေဖြင့် အထူးစိုးရိမ်လျက်ရှိပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး ယန္တရားများနှင့် ချိတ်ဆက်လျက် လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သည်။
ဆက်စပ်အကြောင်းအရာများ

RFA နှင့်တွေ့ဆုံမေးမြန်းခြင်း
ပြည်ထောင်စု၀န်ကြီးအား အာရ်အက်ဖ်အေသတင်းဌာန တွေ့ဆုံမေးမြန်း https://www.youtube.com/watch?v=jbYg15WXdEY လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးအား လွတ်လပ်သော အရှေ့အာရှရေဒီယိုမှ တွေ့ဆုံမေးမြန်းခန်းအတွင်း

DVB နှင့်တွေ့ဆုံမေးမြန်းခြင်း
ပြည်ထောင်စု၀န်ကြီးအား ဒီဗွီဘီသတင်းဌာနမှ တွေ့ဆုံမေးမြန်း https://www.youtube.com/watch?v=stExyVsuIAE လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးအား ဒီမိုကရက်တစ် မြန်မာ့အသံသတင်းဌာနက တွေ့ဆုံမေးမြန်းခန်းအတွင်း

လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှ ပြည်သူသို့ ပန်ကြားချက်
လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်းမှ ပြည်သူသို့ ပန်ကြားချက် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း Share on facebook Facebook Share on twitter Twitter Share