စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာသို့ အကြမ်းဖက်စစ်အုပ်စု က ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှု

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာသို့ အကြမ်းဖက်စစ်အုပ်စု က ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှု

အသေးစိတ်အချက်အလက်များကို အောက်ပါ လင့်တွင် လေ့လာနိုင်ပါသည်။

၂၀၂၃ ခုနှစ် မတ်လ(၃၀)ရက်နေ့၊ နံနက်(၅)နာရီ အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် ၊ ညောင်ပင်ဝန်းရဲစခန်းမှအင်အား (၆၀) ခန့်ရှိ အကြမ်းဖက်စစ်အုပ်စု၏ တပ်မ (၃၃)သည် မောင်းထောင် ကျေးရွာဘက်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဝင်ရောက်ခဲ့ပြီး ပြည်သူ (၆) ဦးအား ဖမ်းဆီးကာ (၄) ဦးကို သတ်ဖြတ်ခဲ့ပြီး မူးမြစ်ထဲသို့ အလောင်းများအား စွန့်ပစ်ခဲ့သည်။
 
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

ဆက်စပ်အကြောင်းအရာများ

သင်တောရွာနှင့် ရွှေဘိုရွာတို့မှ အရပ်သားပြည်သူ(၁၀)ဦး အား အကြမ်းဖက်စစ်အုပ်စုနှင့် လက်အောက်ခံပျုစောထီးများ က အစုအလိုက်အပြုံလိုက်သတ်ဖြတ် နေအိမ်များမီးရှို့ ပြည်သူပိုင်ပစ္စည်းများကိုလုယူခြင်းဖြစ်စဉ်

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။