ဂျဲန်ဒါအခြေခံပြု အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကမ်ပိန်း တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အတွက် ပြည်ထောင်စုဝန်ကြီး၏ သတင်းစကား

ဂျဲန်ဒါအခြေခံပြုအကြမ်းဖက်မှုပပျောက်ရေး၁၆ရက်တာလှုပ်ရှားမှု နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ၏ မိန့်ခွန်း

အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ အားလုံးစုစည်းလုပ်ဆောင်စို့”

“ ” ကမ္ဘာတစ်ဝန်းလုံးမှာ ကျင်းပမြဲဖြစ်တဲ့ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများကို ဆန့်ကျင်ကြောင်းပြသမယ့် “ ၁၆ရက်တာလှုပ်ရှားမှုကမ်ပိန်း” အစီအစဉ်ကို နိုဝင်ဘာလ ၂၅ရက်နေ့ကနေပြီး ဒီဇင်ဘာလ၁၀ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ကျတော်၊ ကျမတို့ မြန်မာနိုင်ငံဟာဆိုရင် ဖက်ဆစ်စစ်တပ်ရဲ့မတရားအာဏာလု အုပ်ချုပ်မှုကို ခံခဲ့ရတာ နှစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်ချုပ်ရေးအတွင်းမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်ပေါင်းများစွာ ဖက်စစ်စစ်တပ်ရဲ့ အကြမ်းဖက်မှုဒဏ်ကို ခံစားခဲ့ကြရပါတယ်။

ဒီလိုအကြမ်းဖက်မှုတွေ ပပျောက်ဖို့၊ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို အကြမ်းဖက်မှုတွေကနေ ကာကွယ်ဖို့အတွက်ဆိုရင် ကျတော်ကျမတို့ လူမှုအဖွဲ့အစည်းထဲမှာ ပါဝင်သူတွေ အားလုံးမှာတာဝန်ရှိပါတယ်။ အတူတကွစုစည်းလုပ်ဆောင်ကြမှသာလျှင် ဒီလို ဂျန်‌ဒါအခြေပြုအကြမ်းဖက်မှုတွေကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှု ဆန့်ကျင်တဲ့ ဒီကမ်ပိန်းမှာ သင်လဲ ပါဝင်နိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
– ရင်ဘတ်တွင် ဖဲကြိုးဖြူတပ်ဆင်ပါ
– လက်သုံးချောင်းထောင်ပါ
– ဓာတ်ပုံရိုက်ပါ
– ဆိုရှယ်မီဒီယာတွင် ဓာတ်ပုံကို အောက်ပါစာသား၊ hashtags များနှင့်တကွ တင်ပါ။

UNITE!ACTIVISM TO END VIOLENCE AGAINST WOMEN & GIRLS (အမျိုးသမီးနှင့်ကလေးငယ်များ အပေါ် အကြမ်းဖက်မှုပပျောက်ဖို့ အားလုံးစုစည်းလုပ်ဆောင်စို့ )ခေါင်းစဉ်နဲ့ Panel Discussion ကို ၂၉.၁၁.၂၀၂၂ ၊ ၁၈:၀၀ နာရီ (မြန်မာချိန်) ၊ ၁၁:၃၀ နာရီ( UK Time) တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
 
အဆိုပါ Panel Discussion သို့ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း ၊အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာပြည်ထောင်စုဝန်ကြီး ၊နော်ဇူဇန်နာလှလှစိုး တို့တက်ရောက်ဆွေးနွေးသွားမှာဖြစ်ပြီး အဆိုပါ ဆွေးနွေးမှုအား PVTV, Mizzima , DVB အပါအဝင်အောက်ဖော်ပြပါ Media များမှလည်းစောင့်မျှော်နားဆင်နိုင်ကြောင်း ပြည်သူလူထုကို အသိပေးတင်ပြအပ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူ များနေ့ အတွက် ပြည်ထောင်စုဝန်ကြီး၏ သတင်းစကား

ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့အတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ သတင်းစကား