“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား တွန်းလှန်ခြင်း” ဆွေးနွေးပွဲစကားဝိုင်းသို့ NUG ဝန်ကြီးများ တက်ရောက်ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စု ၀န်ကြီး ဦးအောင်မျိုးမင်းနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်အိသဥ္ဇာမောင်တို့သည် Free Burma Task Force (USA) က ကြီးမှူးကျင်းပသည့် ဆွေးနွေးစကား၀ိုင်းသို့ တက်ရောက်ပြီး ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲစကားဝိုင်းကို မေလ (၃၀) ရက်နေ့တွင် ကျင်းပခဲ့ပြီး နိုင်ငံတကာမှ မြန်မာ့အရေးစိတ်ဝင်စားသော လူငယ်များနှင့် တက်ကြွလှုပ်ရှားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား တွန်းလှန်ခြင်း”ဆိုသည့် ခေါင်းစဥ်နှင့်အညီ NUG အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးအခွင့်အရေးဆိုင်ရာ ဆောင်ရွက်နေမှုများကို ရှင်းပြဆွေးနွေးခဲ့သည်။ ထို့ပြင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များ၊ ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်တပ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုများရှိလာအောင် လုပ်ဆောင်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ တချိန်တည်းမှာပင် ဒီမိုကရေစီ အင်အားစုဘက် ကူးပြောင်းလာကြသည့် စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လူ့အခွင့်အရေးကို လေးစားကာကွယ်အောင် လုပ်ဆောင်သင့်သည့် အစီအစဉ်များနှင့် အနာဂါတ် မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့များက အာဏာသိမ်းခြင်း၊ လက်နက်ပြ၍ မတရား ကျူးလွန်ခြင်းများ မဖြစ်အောင် မည်ကဲ့သို့ ကာကွယ်တားဆီးကြမည် စသည့်အကြောင်းအရာများကို အဓိက မေးမြန်းဆွေးနွေးခဲ့ကြသည်။ သက်ဆိုင်ရာ NUG ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့မှလည်း ပြန်လည်ဖြေကြားခဲ့ကြပါသည်။

Facebook
Twitter
LinkedIn

ဆက်စပ်ပိုစ့်များ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာ စာချုပ် ဆိုင်ရာလူ့အခွင့်အရေး ကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာ စာချုပ်

Read More »

လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးနှင့် အမေရိကန်နိုင်ငံ လူ့အခွင့်အရေးသံအမတ် Ms.Michele Taylor တို့ တွေ့ဆုံ

ကုလသမဂ္ဂတွင် မြန်မာ့အရေးနှင့် စပ်လျဉ်း၍ သံတမန်ရှင်းလင်းပွဲပြုလုပ် အမျိုးသားညီညွတ်ရေးအစိုးရ၊

Read More »

လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးနှင့် အမေရိကန်နိုင်ငံ လူ့အခွင့်အရေးသံအမတ် Ms.Michele Taylor တို့ တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးနှင့် အမေရိကန်နိုင်ငံ လူ့အခွင့်အရေးသံအမတ် Ms.Michele Taylor

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။