UPR လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေး

ဇူလိုင် ၁၂

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်မှုလုပ်ငန်းစဉ် (Universal Periodic Review – UPR) နှင့် ပတ်သက်ပြီး အကြံပြုချက်များ ရယူနိုင်ရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများက UPR လုပ်ငန်းစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကတိကဝတ်ပြုသင့်သည့် အချက်များကို အကြံပြုဆွေးနွေးကြသည်။ ပြည်ထောင်စုဝန်ကြီးများကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်နေမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူ့အခွင့်အရေးကို အလေးထားသော အစိုးရဖြစ်သည့်အတွက် UPR လုပ်ငန်းစဉ်တွင် အစီရင်ခံစာတင်သွင်းရန် ပြင်ဆင်ထားကြောင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ နည်းလမ်းများဖြင့် လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ပါကြောင်း ဆွေးနွေးခဲ့သည်။

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

ဆက်စပ်ပိုစ့်များ