ပြည်ထောင်စုဝန််ကြီး ဦးအောင်မျိုးမင်း ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Jiri Kozak နှင့် တွေ့ဆုံ

ပြည်ထောင်စုဝန််ကြီး ဦးအောင်မျိုးမင်း ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Jiri Kozak နှင့် တွေ့ဆုံစဉ်

ဇွန်လ ၉ ရက် ၂၀၂၂

ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Mr. Jiri Kozak ဦးဆောင်သော ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် ယနေ့ ဇွန်လ ၉ ရက်နေ့ မနက် ၁၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ရုံး Cernin Palace တွင် NUG အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းနှင့် ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့အား လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် ချက်သမ္မတနိုင်ငံအနေဖြင့် လာမည့် ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီ အစည်းအဝေးတွင် ချက်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒအရ မြန်မာနိုင်ငံအရေးအား ဦးစားပေး စာရင်းတွင် ရှိသည့် အားလျော်စွာ မြန်မာနိုင်ငံအား အမြန်ဆုံး ဒီမိုကရေစီနှင့် လူ့အခွင့်ရေး ကိစ္စများဆိုင်ရာ ရလာဒ်ကောင်းများဖြစ်ထွန်းစေမည့် ဆောင်ရွက်ရွန် ကိစ္စများကို အားတက်သရော ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ၄င်းတို့ အနေဖြင့် တာဝန်ခံမှုရှိစေရေး၊ စစ်ရာဇဝတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခြင်းများ အတွက် တရားနိုင်ငံတကာ ဥပဒေများကို လေးစားလိုက်နာစေရေးအပါအဝင် လတ်တလော မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများကိစ္စများနှင့် ချက်သမ္မတနိုင်ငံအနေဖြင့် ယူကရိန်းအရေးကဲ့သို့ မြန်မာ့အရေးကို အလေးအနက်ထား ဦးစားပေးကာ မြန်မာပြည်သူများနှင့် အတူ ရပ်တည်ကြောင်း ဒုတိယ ဝန်ကြီး Mr. Jiri Kozak က ပြောဆိုသည်။

NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ လတ်တလော စိုးရိမ်စရာဖြစ်နေသည့် ကြိုးမိန့်ပေး ကွက်မျက်ခံရမည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ခေါင်းဆောင်းဆောင်များဖြစ်သော ဦးကျော်မင်းယုနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦး၏ ကိစ္စ၊ လူသားချင်း စာနာထောက်ထားရေး အကူအညီများပေးနိုင်ရေး၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၏ လတ်တလော စိန်ခေါ်ခံနေရမှုများ၊ မြန်မာနိုင်ငံတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသများတွင် စစ်တပ်၏ လူမဆန်စွာ ဖမ်းဆီး
သတ်ဖြတ်ခြင်း၊ နေအိမ်များ မီးရှို့ခြင်းစသည့် ကိစ္စများအား ပြန်လည် ဆွေးနွေးခဲ့ပါသည်။