ပြည်ထောင်စုဝန်ကြီး

ဦးအောင်မျိုးမင်း

ပြည်ထောင်စုဝန်ကြီး
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန

ဦးအောင်မျိုးမင်းသည် မြန်မာနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားမှုတွင်

တက်ကြွစွာ ပါဝင် လုပ်ဆောင်နေသူ တဦးဖြစ်သည်။

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံနယ်စပ်သို့ တိမ်းရှောင်သွားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်သစ်တပ်ဦး၏ နိုင်ငံခြားရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်မှ လူ့အခွင့်အရေးမဟာဘွဲ့ကို ရရှိခဲ့သည်။

၂၀၀၅ – ၂၀၁၀ ကာလအတွင်း ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ၏ လူ့အခွင့်အရေးမှတ်တမ်းတင်ဌာန၏ ဒါရိုက်တာတာဝန်ကို ထမ်းဆောင်ခဲ့သည်။

၂၀၀၀ ခုနှစ်တွင် လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)ကို ထိုင်းနိုင်ငံတွင် ထူထောင်ခဲ့ပြီး လူ့အခွင့်အရေးလုပ်ငန်းများကို အဓိက လုပ်ဆောင်ခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးတာဝန်မထမ်းဆောင်မှီအထိ ညီမျှခြင်း မြန်မာအဖွဲ့တွင် အမှုဆောင်ဒါရိုက်တာ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဥရောပသမဂ္ဂက ပေးအပ်သည့် Shuman Award အပါအဝင် နိုင်ငံတကာကပေးအပ်သည့် လူ့အခွင့်အရေးဆုပေါင်း (၇) ဆုကို ရရှိထားသည်။