လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှု

အနည်းဆုံးစာရင်းတွက်ကြည့်ရင် တိုင်းဒေသကြီးနဲ့ပြည်နယ် (၁၃) ခု၊ မြို့နယ်ပေါင်း (၄၂) ခု အင်အားသုံး ဖြိုခွင်းမှုလုပ်ဆောင်ခဲ့ပါတယ်…

လက်နက်မဲ့ ပြည်သူ အနည်းဆုံး (၂၉) ဦး ကျဆုံးခဲ့ပါပြီ…

(၁၀၀) ကျော် ဒဏ်ရာရ ပြီး (၁၅၀၀) ကျော် ဖမ်းဆီးခံရတာဟာ နိုင်ငံတော်အကြမ်းဖက်မှုနဲ့ နိုင်ငံတော်လူသတ်မှုဖြစ်ပါတယ်..

နိုင်ငံတကာဥပ‌ဒေအရ လူသားမျိုးနွယ်အပေါ်် ကျူးလွန်သည့် ရာဇဝတ်မှု (Crime Against Humanity) မြောက်ပါတယ်…

Crime Against Humanity ဆိုတာ စစ်ပွဲကာလဖြစ်စေ စစ်ပွဲမဟုတ်တဲ့ကာလမှာဖြစ်စေ ပေါ်လစီတခုကို စနစ်တကျချမှတ်ပြီး အရပ်သားပြည်သူအများအပြားအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ ကျုးလွန်တဲ့ပြစ်မှုမျိုးကို‌ ခေါ်ဆိုတာပါ..

ပြစ်မှုမြောက်နိုင်တဲ့လုပ်ဆောင်ချက်တွေကတော့ လူအများအပြားကို သတ်ဖြတ်ခြင်း၊ ကျွန်ပြုခြင်း၊ နှိပ်စက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ အတင်းအကြပ်ကိုယ်ဝန်ဖျက်ချစေခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ လိင်နှင့်လိင်စိတ်အပေါ်အခြေပြုပြီး အပြစ်ပေးခြင်း၊ လူစုလူဝေးအလိုက် အတင်းအကြပ်ပြောင်းရွေ့စေခြင်း၊ အတင်းအကြပ်ပျောက်ဆုံးစေခြင်း။ သိလျက်နှင့် အစာရေစာပြတ်လပ်စေခြင်းတို့ဖြစ်ပါတယ်…

နိုင်ငံတကာရာဇဝတ်မှုကိုကျူးလွန်သူတွေကို ဥပဒေအရ တာဝန်ယူ တာဝန်ခံမှုရှိစေဖို့ သက်သေခံ အချက်လက်များကို စုဆောင်းမှတ်တမ်းတင်ထားကြပါ….

These crimes against humanity entail extermination, murder, enslavement, torture, imprisonment, rape, forced abortions and other sexual violence, persecution on political, religious, racial and gender grounds, the forcible transfer of populations, the enforced disappearance of persons and the inhumane act of knowingly causing prolonged starvation.

Facebook
Twitter
LinkedIn

ဆက်စပ်ပိုစ့်များ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။